TrueStory.

.

စေလိုရာစေ
အရိပ်တစ္ဆေအဖြစ်နဲ့
လိုရာကိုဖြည့်ဆည်း
တိတ်တိတ်လေးနဲ့နီးနေခဲ့တာ
နှစ်ဆယ့်သုံး မေလ
ငါးရက်နေ့ကထဲကစခဲ့ပါတယ် •••

အသိုင်းအဝန်းတစ်ခုကြားမှာ
တစ်ရံတစ်ခါထင်ရှား
တစ်ခါတစ်လေမှုန်ဝါးဝါး
ဇာတ်ကွက်အလိုကျ
သရုပ်ဆောင်ကပြရင်း
ငါတို့နှစ်ယောက်ရဲ့နှစ်ဘဝက
တစ်ထပ်ထဲနီးပါးဖြစ်ခဲ့ပါတယ် ••

မလိုသူတွေရဲ့အမြင်
သူတို့ရဲ့စိတ်အထင်တွေဟာ
လက်တွေ့ဘဝမှာအံမဝင်ပါဘူးးး
သက်သေမပြုနိုင်တဲ့
သူတို့ရဲ့စကားတင်းဆိုမှုဟာ
ငါတို့အတွက်
စာဖွဲ့စရာမဟုတ်ဘူးလေ •••

AungMyat 😊

.

2 year ago Status.

.

“”မနှစ်တုန်းကရေးထားတဲ့စာ””

တစ်ချိန်ကြရင်
နိုင်ငံတော်ကို
ဦးဆောင်ခွင့်
ရကောင်းရနိုင်တဲ့
နိုင်ငံရေးပါတီတွေက
လက်ရှိဖြစ်ပွားနေတဲ့
စစ်ပွဲနဲ့ပတ်သက်ပြီး
Statementတွေ
ထုတ်ပြန်ကြတာကို
ကြိုဆိုလက်ခံပါတယ်၊
Policy အရ
မဖြစ်မနေလုပ်ရမည့်
အလုပ်မှန်းကိုလည်း
မိမိ နားလည်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးကို
တစ်ဘက်တစ်လမ်းကနေ
အထောက်အကူပြုဖို့
စီမံဆောင်ရွက်နေတဲ့
“”ပြည်သူ့စစ်မှုထမ်း””
ကိစ္စရပ်မှာလည်း
ပါတီတွေအနေနဲ့ •••••
policy အရ၊လက်တွေ့ကျကျ
ပူးပေါင်းဆောင်ရွက်ကြရင်
အပြောမဟုတ်တဲ့
လက်တွေ့သမားတွေအဖြစ်
ပြည်သူတွေရဲ့
အသိအမှတ်ပြုခြင်းကို
ရရှိနိုင်ပါတယ်။

AungMyat

.

News.

.

copied text.

လခရ စစ်ကြောင်းတွေဟာ နှစ်ရက်တိတိ အပြင်းအထန်တိုက်ခိုက်ပီးနောက်
ဒီနေ့ ၆.၈.၂၀၂၅ ရက်နေ့ ၁၃၂၀ အချိန်တွင် မြင်းခြံမြိုနယ် သမုန်းကိုင်းအကြမ်းဖက် အခိုင်အမာစခန်းအား သိမ်းပိုက်ရရှိခဲ့ပါသည်။
မှတ်ချက်။။ ။ အထူးရဲကွန်မန်ဒို စစ် ကြောင်း

R…mat

ကိုမိုးအောင်တင်

AungMyat

.

Trust.

.

မကြာခဏ
ထပ်ခါထပ်ခါ
ပြောနေပါမယ် •••
ပိုင်းဖြတ်ပစ်ခတ်ခံရခြင်းကို
အလိုမရှိရင် •••
ကျစ်လစ်ခိုင်မာတဲ့
အင်အားစုကိုအလိုရှိရင် •••
ဘောင်းဘီချွတ်နဲ့ပုဆိုးဝတ်
သန္ဓေနဲ့မိုးကျရွှေကိုစတဲ့
သွေးခွဲရေးစိတ်ရှိသူတွေ ••
စကားလုံးမှိုင်းတွေသုံးပြီး
အချင်းချင်းအတွင်းမှာ
ဝေဝါးထွေပြားအောင်လုပ်နေသူတွေ ••
အထက်၊အောက်
အစဥ်အလာနှင့်အညီ
မနေထိုင်သူတွေကို
အတွင်းစည်းထဲကနေ
ဖယ်ထုတ်ရပါမယ် •••
အထက်ကချမှတ်လာတဲ့
မူဝါဒနဲ့လမ်းညွှန်ချက်​အတိုင်း
ကျင့်သုံးနိုင်သူတွေကိုသာ
ရှာဖွေဖေါ်ထုတ်ပြီးနေရာပေးရပါမယ် ••
လမ်းညွှန်ချက်တွေကို
အညွန့်တင်အကွန့်တက်ပြီး
ဆရာကြီးဂုဏ်ပြချင်သူတွေကို
လားပင်စင်ပေးရပါမယ် •••
နှစ်ခြောက်ဆယ်
ရှေ့ခရီးကို
အတိမ်းအစောင်းမရှိပဲ
ထိန်းသိမ်းမောင်းနှင်နိုင်ကြပါစေ •••••

သစ္စာဖြင့်

AungMyat

.

Own tune.

.

“ပြီးခဲ့တဲ့နှစ်ကရေးခဲ့တဲ့စာ”

ယုံကြည်တဲ့ဘက်မှာ
ခြေတစ်လှမ်းတောင်
နောက်မဆုတ်ပဲ
၂၀၁၉ ကနေ
၂၀၂၃ အထိ
မြေပြင်မှာ
လက်တွေ့ရပ်တည်ခဲ့တဲ့
မိမိရဲ့အကြောင်းကို
သိသူတွေ
friend list ထဲမှာ
ရှိပါတယ်၊
ဘယ်တန်းလျား
ဘယ်ဝင်းထဲကိုမှ
ပြေးမပုန်းပဲ
၂၀၂၁ ကနေ
အခုအထိ
ရပ်ထဲရွာထဲ
လူတွေကြားထဲ
YBS တိုးစီးပြီး
သွားချင်ရာသွား
နေချင်သလိုနေနေပါတယ်၊
ဖုန်းပေါ်မှာပဲ
ဖုန်ထရဲတဲ့ “ဇ”မျိုးလောက်နဲ့
အကန်လာမလုပ်ပါနဲ့။

AungMyat

.

Opinion.

.

     "" ဟုတ်ရင် နာ၊မဟုတ်ရင် မနာပါနဲ့ ""

ပညာရပ်ဆိုင်ရာ
ထူးချွန်သူ ••
စီးပွားရေးဆိုင်ရာ
ထက်မြက်သူ •••စတဲ့
လူတော်လို့ပြောနိုင်သူတွေကို
မိမိက လေးစားပါတယ် •••

ပါတီကိုအကြောင်းပြုပြီး
နိုင်ငံရေးနယ်ပယ်ထဲကို
အဲ့ဒီသူတွေ
ဝင်ရောက်ကျင်လည်မှာကိုတော့
မိမိ မနှစ်သက်ပါဘူး၊
ဆုံရှုံးမှုလို့ပဲမြင်ပါတယ် •••

ပါတီတော်တော်များများမှာ
မမြင်ရတဲ့ခေါင်းကိုင်
ဖခင်ကြီးတွေ၊မိခင်ကြီးတွေ
မူဝါဒချမှတ်တဲ့
ကိုယ်ပျောက်တစ္ဆေတွေ
ရှိတတ်ပါတယ်
သူတို့ကိုကျော်ပြီး
ဘယ်သူမှ ဘာမှဘာလို့မရပါ •••

သိထား၊တတ်ထား
ရှိထား၊ပိုင်ထားတဲ့
အရာတွေကိုဆွဲကိုင်ပြီးး
အစိုးရတစ်ရပ်ရပ်
အဖွဲ့အစည်းတစ်ခုခုရဲ့
လုပ်ရပ်ကိုဝေဖန်ရတာနဲ့
ကိုယ်တိုင်စီမံလုပ်ကိုင်ရတာက
သမုဒ္ဒရာတစ်ခုရဲ့
အခြားတစ်ဖက်နဲ့အခြားတစ်ဖက်လို
ဝေးကွာပါတယ် •••

နိုင်ငံရေးသမားအမည်ခံ
လူလည်လူညစ်တွေရဲ့
ဦးဏှောက်ဖေါက်စားခြင်းဘေးမှ
ဂုဏ်သရေရှိပညာရှင်များ
ကိုယ်စီရှောင်ဖယ်ရုန်းထွက်နိုင်ကြပါစေ •••

AungMyat 😊

.

Article.

.

မိမိက
ဘာမှမဟုတ်တဲ့
သာမန်လူပါ ••
နာမည်ရှိ
သရုပ်ဆောင်
မဟုတ်သလို
အမည်ပေါက်
ကျော်ကြားထင်ရှားသူလည်း
မဟုတ်ပါ ••
မိမိမှာ
နောက်လိုက်နောက်ပါ
ဘာအင်အားစုမှမရှိသလို
ဘယ်အဖွဲ့အစည်းကိုမှလည်း
မိမိကကိုယ်စားမပြုပါ •••
မိမိကြောင့်
တစ်စုံတစ်ယောက်
တစ်စုတစ်ဖွဲ့
တစ်ပါတီ
အောင်မြင်မှုမရနိုင်သလို
မိမိကြောင့်
ဘာထူးခြားမှုမှလည်း
မဖြစ်နိုင်ပါ •••
မိမိသည် မိမိသာဖြစ်ပါတယ်
ကိုယ်ပိုင်ဥစ္စာဖြစ်သော
“ကံ”မှအပ
မိမိမှာ ဘာမှမရှိပါ ••••

AungMyat 😊

.