Trust.

.

မကြာခဏ
ထပ်ခါထပ်ခါ
ပြောနေပါမယ် •••
ပိုင်းဖြတ်ပစ်ခတ်ခံရခြင်းကို
အလိုမရှိရင် •••
ကျစ်လစ်ခိုင်မာတဲ့
အင်အားစုကိုအလိုရှိရင် •••
ဘောင်းဘီချွတ်နဲ့ပုဆိုးဝတ်
သန္ဓေနဲ့မိုးကျရွှေကိုစတဲ့
သွေးခွဲရေးစိတ်ရှိသူတွေ ••
စကားလုံးမှိုင်းတွေသုံးပြီး
အချင်းချင်းအတွင်းမှာ
ဝေဝါးထွေပြားအောင်လုပ်နေသူတွေ ••
အထက်၊အောက်
အစဥ်အလာနှင့်အညီ
မနေထိုင်သူတွေကို
အတွင်းစည်းထဲကနေ
ဖယ်ထုတ်ရပါမယ် •••
အထက်ကချမှတ်လာတဲ့
မူဝါဒနဲ့လမ်းညွှန်ချက်​အတိုင်း
ကျင့်သုံးနိုင်သူတွေကိုသာ
ရှာဖွေဖေါ်ထုတ်ပြီးနေရာပေးရပါမယ် ••
လမ်းညွှန်ချက်တွေကို
အညွန့်တင်အကွန့်တက်ပြီး
ဆရာကြီးဂုဏ်ပြချင်သူတွေကို
လားပင်စင်ပေးရပါမယ် •••
နှစ်ခြောက်ဆယ်
ရှေ့ခရီးကို
အတိမ်းအစောင်းမရှိပဲ
ထိန်းသိမ်းမောင်းနှင်နိုင်ကြပါစေ •••••

သစ္စာဖြင့်

AungMyat

.

Leave a Reply

Your email address will not be published. Required fields are marked *