“သတင်း”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား၊ အမျိုးသမီး ဂျူဒိုပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၈

၂၀၂၅ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား၊ အမျိုးသမီးဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ ၁ (သုဝဏ္ဏ)၌ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းစစ်ဌာနချုပ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ  တက်ရောက်ကြသည်။

“”ကထိန်ပွဲ””

🌿🔸အမျိုးသားရေးညီအစ်ကိုမောင်နှမများနှင့် မတည်အလှူရှင်များ စုပေါင်းကျင်းပမည့် ဒသမအကြိမ် စုပေါင်းမဟာဘုံကထိန်🔸🌿

🙏🔹ပင့်လျှောက်/ဖိတ်ကြားလွှာ🔹🙏
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

အမျိုးသားရေးညီအစ်ကိုမောင်နှမများနှင့် မတည်အလှူရှင်များစုပေါင်း၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ သံဃာတော်အရှင်သူမြတ်များအား ဒသမအကြိမ်မြောက် မဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသဖြင့် အောက်ပါအစီစဥ်အတိုင်း ကြွရောက်ချီးမြှင့်ပေးပါရန် ရိုသေလေးစားစွာ ပင့်လျှောက်/ဖိတ်ကြားအပ်ပါသည်။

🌼 အမျိုးသားရေးညီအစ်ကိုမောင်နှမများ (ရန်ကုန်) 🌼

💠အလှူတော်မင်္ဂလာအစီစဥ်💠

🗓 နေ့ရက် 🗓

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊
၁၉-၁၀-၂၀၂၅၊ တနင်္ဂနွေနေ့။

🏠 နေရာ 🏠

ဦးသာသနကျောင်း၊ ဘင်္ဂလားတိုက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
(ရေခဲဆိုင်မှတ်တိုင်အနီး၊ ရွှေကောင်းဟော့ပေါ့ရှေ့၊ ရွှေကျင်တိုက်မုခ်ဦးမှ ဝင်ရန်)

🙏 ကထိန်သင်္ကန်းကပ်/တရားနာ 🙏

နံနက် ၁၀ နာရီ

☎ ဆက်သွယ်လှူဒါန်းရန် ☎
▬▬▬▬▬▬▬▬▬

၁။ ဦးဆန်းလွင်
၀၉ ၆၇၇ ၇၇၈ ၈၈၁ပ
(KBZ Pay)

၂။ ဦးဝင်းကိုကိုလတ်
၀၉ ၇၇၂ ၁၇၇ ၉၆၉
(Viber၊ KBZ Pay၊ Wave Pay)

၃။ မယဥ်သီတာ
၀၉ ၄၀၅ ၉၃၃ ၃၂၆
(KBZ Pay)

🌹သံဃာတော်အရှင်သူမြတ်တစ်ပါးလျှင် ကျပ်ခုနစ်သောင်းနှုန်းဖြင့် အပါး (၁၀၀) စာ ကျပ်သိန်းခုနစ်ဆယ်၊ ထေရ်ကြီးများနှင့် ပင့်သံဃာဆရာတော်ကြီးများအတွက် ကျပ်သိန်းသုံးဆယ်၊ စုစုပေါင်း ကျပ်သိန်း ၁၀၀ လှူဒါန်းရန် စီစဥ်ထားရှိသည့်အတွက် တစ်ပါးစာသော်လည်းကောင်း၊ မိမိတို့တတ်နိုင်သည့် ပမာဏအလိုက်သော်လည်းကောင်း၊ နည်းသည်များသည် ပဓာနမထားဘဲ မိမိတို့ တတ်အားသရွေ့ လှူဒါန်းနိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။🌹

🌻🌻 မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ သံဃာတော်အရှင်သူမြတ်များ ကထိန်ခင်းနိုင်ရန်အတွက် ကထိန်သင်္ကန်းလှူဒါန်းခွင့်ပြုပါရန် ၁၁-၁၀-၂၀၂၅၊ စနေနေ့ ကထိန်အလှူတော်ဖြစ်မြောက်ရေးအစည်းအဝေးတွင်
မတည်အလှူရှင်များနှင့် အများကိုယ်စားလျှောက်ထားခဲ့ပြီးဖြစ်ကြောင်းနှင့် ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး ပါဝင်လှူဒါန်းကုသိုလ်ပြုပေးကြပါရန် နှိုးဆော်အပ်ပါသည်။

“”ဖိတ်ကြားလွှာ””

🌿 ဒသမအကြိမ်မြောက် ကထိန်အလှူတော်ဖြစ်မြောက်ရေး အစည်းအဝေးဖိတ်ကြားလွှာ 🌿
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

အမျိုးသားရေးညီအစ်ကိုမောင်နှမများနှင့် အလှူရှင်များစုပေါင်း၍ ဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်ကို ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ ၁၉-၁၀-၂၀၂၅၊ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကထိန်ဖြစ်မြောက်ရေး ညှိနှိုင်းအစည်းအဝေးအား အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်ပေးပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

🌼 အမျိုးသားရေးညီအစ်ကိုမောင်နှမများ (ရန်ကုန်) 🌼

📋 အစည်းအဝေးအစီအစဥ် 📋

🗓 ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ ၁၁- ၁၀- ၂ဝ၂၊၅ စနေနေ့။

🕐 မွန်းလွဲ ၁းဝဝ နာရီ

🏠 ဦးသာသနကျောင်း၊ ဘင်္ဂလားတိုက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

#AungMyat

.

“” Article “”

.

onlineမှာ
ဖုန်ထပြရုံနဲ့
ဆယ်လီဖြစ်တဲ့
ခေတ်တစ်ခေတ်
ကုန်သွားတာကြာပါပြီ ••

လေထဲကနေညာသံပေးပြီးး
အရေးဆို
ရှေ့ကိုထွက်မလာသူတွေရဲ့
အကျင့်နဲ့စရိုက်ကို
၂၀၁၇ အလွန်ကထဲကနေ
ငါတို့တွေကသိနေပါတယ် •••
ဘေးရန်ကင်းတဲ့
တပ်မတော်ထောက်ခံပွဲတွေ
နှစ်ပတ်လည်ပွဲတွေဆိုရင်
ရှေ့ဆုံးကထွက်ပြီး
ရှော့ခ်ရှိနိုင်တဲ့ပွဲဆို
ဘေးနားကနေတောင်
ရပ်မကြည့်ကြတာကအစ
ငါတို့ကမှတ်မိပါတယ် •••

ဒေါ်စုခေတ်နှောင်းပိုင်း
ဖိနှိပ်မှုကြမ်းချိန် ••
၂၀၂၁ ဆူပူအကြမ်းဖက်
အားကောင်းချိန်မှာ ••
အကြောင်းအမျိုးမျိုးပြ
ရှောင်တိမ်းနေကြသလို၊
မိတ်မပျက်အောင်
မျက်နှာလောက်လာပြပြီး
ကိုယ်ယောင်ဖျောက်
နေတတ်တာက
ဘယ်သူတွေလဲဆိုတာကိုလည်း
ငါတို့ကမှတ်မိပါတယ် •••

မည်သူမဆို
ကိုယ့်ဘဝကိုကိုယ်
ကြိုက်သလိုတည်ဆောက်ခွင့်
ရှိပါတယ် ••
မာယာ၊သာ​ဌေယျကို
အတန်အသင့်သုံးလို့ရပါတယ် ••
ဦးတည်ချက်မှန်ရင်
မသိနားမလည်သူတွေကို
ခပ်ပါးပါးလှည့်စားလို့ရပါတယ် •••
ဒါပေမယ့်
ယုံကြည်သူတွေကို
ချောက်ထဲတွန်းချပြီး
ဘဝတည်ဆောက်ဖို့
ကြိုးစားမယ်ဆိုရင်တော့
သစ္စာဆိပ်သင့်ပါမယ် •••

ရှစ်ပူးပြည်ပြေးစပွန်ဆာ
တရုတ်စပွန်ဆာ
နောက်ကျောဓါးထိုးစပွန်ဆာ
စတဲ့ စပွန်ဆာပင့်ကူအိမ်တွေ
အထပ်ထပ်ရစ်ပတ်နေလို့
တစ်ပါတ်ပြည့်အောင်
မလည်နိုင်တာက
မင်းတို့ရဲ့သမိုင်းပါ ••

အော်ရုံ
လော်ရုံ
ညှော်ရုံ
ရှို့ရုံနဲ့
လောင်တဲ့ခေတ်
တကယ်မရှိတော့တာက
သေချာသွားပါပြီ •••

မင်းတို့မုန်းတဲ့ ~

AungMyat 😊

.