Month: August 2025

“(၁၁)နှစ်တဲ့ •••

(၁၁)နှစ်လို့ကြားတာဘဲ (စိတ်တော့မကောင်းဘူးနဲလို့) ၊ တပ်မတော်ရှုံးနိမ့်ခဲ့တယ် ၊သိတာပေါ့ ကျွန်တော်တို့သိတာပေါ့ ၊ ဒါပေမဲ့အခက်အခဲကာလမှာခေါင်းဆောင်မှု့ပြိုလဲသွားလို့မရဘူးလေ ၊ ကျွန်တော်တို့ခေါင်းဆောင်ကိုလည်းကျွန်တော်(၁၀၀%)ယုံကြည်ခဲ့တယ် ၊ ဒါကြောင့်လည်းဘယ်လောက်ရှုံးခဲ့ပေမဲ့ အံကြိတ်ပြီးကျွန်တော်လေးစားယုံကြည်တဲ့ခေါင်းဆောင်ဘက်မှာ မားမားမက်မက်ရပ်တည်ပြီးခိုင်ခိုင်မာမာထောက်ခံခဲ့တယ် ၊ ဒီကနေ့ရလဒ်တွေကကျွန်တော်တို့ယုံကြည်အားကိုးခဲ့တဲ့ခေါင်းဆောင်ဟာနိုင်ငံတော် ၊ နိူင်ငံသားတွေနဲ့တပ်မတော်အတွက်အမှန်တကယ်ယုံကြည်လေးစားအားထားရတဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတာကိုသက်သေပြနေတယ် ၊ သူဟာစနစ်ကျတယ် ၊ တည်ငြိမ်တယ် ၊ ဘယ်အရာကိုမှဖြစ်သလိုမလုပ်ခဲ့ဘူး ၊ ဖြစ်သလိုမလုပ်တတ်ဘူးဆိုတာဒီနေ့ရလဒ်တွေကသက်သေပြနေတယ် ၊ သူဟာ ပြာပုံထဲကတောင်ပြန်လည်ရှင်သန်နိူင်တဲ့ဖိနစ်ငှက်(phoenix)တစ်ကောင်ဖြစ်တယ်လို့တင်စားချင်တယ် ၊…

“တိုက်ပွဲသတင်း”

. copied text. 01/08/2025 ရက်နေ့ကစပြီး မြင်းခြံပြည်သူ့စစ်ခေါင်းဆောင်ဒေါ်သီတာယုမွန်နှင့် မိမိတပ်မတော်စစ်ကြောင်းဟာ မြင်းခြံ-နွားထိုးကြီးလမ်းတစ်လျှောက်အထူးစစ်ဆင်ရေးတစ်ရပ်ဆင်နွဲနေပါတယ်။ ဒီလိုစစ်ဆင်ရေးဆင်နွဲနေတဲ့ဒေါ်သီတာယုမွန်နဲ့မိမိတပ်မတော်စစ်ကြောင်းကို မြင်းခြံ Black Tiger အဖွဲ့၊ ထနောင်းမြေPDFအဖွဲ့၊ အမှတ်(၂)PDFတပ်ရင်းတို့အပြင် နွားထိုးကြီးပခဖနဲ့ စိုးအောင်ခေါင်းဆောင်သောနွားထိုးကြီးPDFများက စုပေါင်းပြီး ခံစစ်ဆင်ကြပါတယ်။ ဒါပေမဲ့ မိမိတပ်မတော်စစ်ကြောင်းနဲ့ ဒေါ်သီတာယုမွန်တို့အဖွဲ့ရဲ့ တိုးအားကို မခံနိုင်သည့်အတွက် ရန်သူဟာ သစ်ပင်ရှည်ရွာစမ်းကျရွာစံပြ ရွာခင်မကန်ရွာမြာက်ကုန်းရွာတဲရွာပျော်ဖွယ်ရွာသမုန်းကိုင်းရွာရသာဖုံရွာဖောင်းကားရွာဗလုံရွာ စတဲ့ ရွာပေါင်း(၁၂)ရွာကိုလက်လွတ်ပြီး ထွက်ပြေးဆုတ်ခွါသွားရပါတယ်။…

ဟိုခို •••

. copied text. ပြင်ဦးလွင်/မိုးကုတ်လမ်းပေါ်ရှိ အချက်ချာကြသော ဟိုခိုရွာကြီးအဝင်တွင်ရှိသော tnla စစ်ဆေးရေးဂိတ်နေရာကို မိမိစစ်ကြောင်းများမှ ယနေ့၁၈:၀၀အချိန်မှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။ ကိုခိုင်ဇော် ၀၇/၀၈/၂၀၂၅ AungMyat .

😭😢😭

. ဝမ်းနည်းကြေကွဲခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေ သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၇)ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)၌ ကွယ်လွန်သွားသည့် အတွက် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း ဖော်ပြအပ် ပါသည်။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP AungMyat .

😢😢😢

. 7.8.2025 ကျရာနေရာ​ပေးရာဇာတ်ရုပ်ကနေနောက်ဆုံးအချိန်ထိပုံစံအစုံနဲတာဝန်ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့“ဦးမြင့်ဆွေ”ကောင်းရာသုဂတိရောက်ရှိမည်ဟုယုံကြည်ပါတယ် ••• AungMyat .

Essay.

. အရပ်သားစစ်စစ်တွေနဲ့ပဲမြန်မာနိုင်ငံတော်ကိုတည်တံ့အောင်တိုးတက်အောင်ပြုလုပ်လို့ရနိုင်လိမ့်မယ်လို့မိမိ ဘယ်တုန်းကမှမယုံကြည်ပါ ••• ၁၃၅ မျိုးသောလူမျိုးအထွေထွေရဲ့စရိုက်အသီးသီးကိုမြို့ကြီးပြကြီးလောက်မှာပဲအခြေချနေထိုင်ဘူးသူတွေသိမြင်နားလည်ဖို့ဘယ်လိုမှမဖြစ်နိုင်ပါ ••• သိထားမှတ်ထားသင်ထားဘူးတဲ့စာတိုပေစတွေကိုလူကြားကောင်းအောင်ပြောတတ်ရုံနဲ့အမတ်လုပ်ပြီးးတိုင်းရေးပြည်ရာကိုဝင်စွက်ဖက်တတ်ရုံနဲ့နိုင်ငံတော်ကိုကာကွယ်သူတည်ဆောက်သူအဆင့်ကိုဘယ်လိုမှမရောက်နိုင်ပါ ••• ရွေးကောက်ပွဲဆိုတဲ့မိုးသံကြားရရုံနဲ့social media မှာအုံအင်သံတွေထွက်လာလို့ဒီစာကို ချရေးပါတယ် ••• အာဏာလက်ဝယ်တောင်မရှိသေးပဲကျော်ဇောထင်ရှားမှုအတန်အသင့်ရရုံနဲ့စီအိုင်အေ၊အိုအိုင်စီ၊တရုတ်စတဲ့ပြည်ပကနေလိုသလိုဝယ်ယူချယ်လှယ်ခံနေရတဲ့အရပ်သားစစ်စစ်ဆိုသူတွေကိုမိမိလုံးဝ အယုံအကြည်မရှိပါ ••အဲ့ဒီလိုသူတွေပါဝင်စွက်ဖက်ပြီးစီမံအုပ်ချုပ်နိုင်မယ့်စံနစ်ကိုလည်းမိမိလုံးဝမနှစ်သက်ပါ ••• အသိဉာဏ်ရည်နိမ့်သူတွေရဲ့မဲကိုအမှန်တရားလို့သတ်မှတ်ပြီးတက်လာခဲ့တဲ့ဒေါ်စုကြည်တို့တစ်သိုက်ပေးခဲ့တဲ့ဒဏ်ရာတွေကြောင့်မြန်မာနိုင်ငံတော်ကသွေးတောင်မတိတ်သေးတာကိုလွယ်လွယ်မေ့နေသူတွေထဲမှာမိမိက အခုလည်းမပါသလိုနောင်လည်းဘယ်တော့မှမပါပါ ••• ပြောလက်စနဲ့တစ်ခါထဲပူးတွဲပြီးပြောပါမယ်တပ်မတော်ပြီးရင်ဒုတိယလို့မိမိစိတ်ထဲကသတ်မှတ်ထားတဲ့ •••တစ်ကောင်ထဲပြေးပြီးပထမရဖို့သေချာနေတယ်ဆိုတဲ့ ••အဖွဲ့အစည်ကြီးရဲ့အတွင်းမှာမိုးကျရွှေကိုယ် နဲ့ သန္ဓေတပ်မတော်သား နဲ့ အရပ်သားစစ်စစ်ဆိုတဲ့ဖြိုခွဲရေးအငုံစိတ်သမားတွေကိုနေရာပေးပြီးရှင်သန်ခွင့်ဆက်လက်ပေးထားခဲ့ရင် ••မိမိအနေနဲ့ လုံးဝအားပေးခြင်းမပြုနိုင်ကြောင်းပါ…

Story.

. နစက ကိုဖျက်သိမ်းပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ပြည်ထောင်စုအစိုးရအဖွဲ့ အစရှိတာတွေကိုပြောင်းလဲဖွဲ့စည်းကြောင်းကြေညာချက်တွေကိုအများသိပြီးဖြစ်မှာပါ ••• ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်လာတဲ့ခြေလှမ်းသစ်မှန်းကိုလည်းလူအများစုကနားလည်သဘောပေါက်ကြမှာပါ ••• Game တစ်ခုအနေနဲ့ပြောရင်ending point ကိုနီးကပ်လာပြီလို့ဆရာ့ဆရာကြီးတွေကသုံးသပ်ဝေဖန်ကြမှာပါ ••• အချို့မိတ်ဆွေတွေဖတ်ဘူးထားတဲ့လေးကောင်စားပြီးကင်းဝင်မယ့်ဘဘ အကွက်ဆိုတဲ့ ၈.၃.၂၀၂၁နေ့ကရေးထားတဲ့မိမိရဲ့ status လိုပဲအနာဂတ်ကာလအတွက်မိမိထပ်ပြောပါမယ် ••အခုလုပ်ဆောင်ရွက်နေတာတွေကending point မဟုတ်ပါထပ်ပြောပါမယ်ဇာတ်သိမ်းခန်းနီးကပ်လာတာလုံးဝ လုံးဝမဟုတ်ပါbeginning point အနားကိုကပ်လာခြင်းသာလျှင်ဖြစ်ပါတယ် ••• ရွေးကောက်ပွဲအကြိုကာလနဲ့ရွေးကောက်ပွဲအလွန်ကာလမှာဆရာ့ဆရာကြီးများမထင်မှတ်ထားတဲ့အရာတွေအများကြီးလာပါဦးမယ် •••တစ်ကောင်ထဲပြေးပြီးပထမရမယ့်မြင်းပေါ်မှာငါတို့ထိုင်နေတာပဲ ••မောင်စံလိုမြင်းအမြီးဆွဲပြီးအချိုးကျနဲ့ငါတို့ပါမယ်ပဲလို့ထင်မှတ်နေသူတွေအနေနဲ့အာစင်နယ်ဘောလုံးပွဲကြည့်သလိုဟာ ဟင် တောက် ကျွတ်တွေအများကြီးဖြစ်ရပါဦးမယ်…

Belive.

. မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ဆိုတာကလူတစ်ဦးချင်းစီရဲ့ပုဂ္ဂလိကကဏ္ဍ ••• အမျိုး၊ဘာသာသာသနာနဲ့နိုင်ငံတော်ဆိုတာက လူအများစုနဲ့သက်ဆိုင်တဲ့အရေးးးး တပ်မတော်ပြည်ခိုင်ဖြိုးအမျိုးသားရေးအင်အားစုစတာတွေကတူညီဦးတည်ချက်ကြောင့်လူပေါင်းများစွာစုဖွဲ့တဲ့ ပုံရိပ် ••• အစုအဖွဲ့ရဲ့ပုံရိပ်ကိုတရားဝင်တာဝန်ထမ်းဆောင်မှုမှအပပုဂ္ဂိုလ်ရေးအတွက်မည်သူကမှအသုံးချ၍မရ ••• အများဆိုင်ပုံရိပ်ကိုအကြောင်းပြုပြီးပုဂ္ဂိုလ်ရေးတည်ဆောက်မှုကိုမည်သူမှ အသုံးချပိုင်ခွင့်မရှိ ••• ဦးတည်ချက်တူသော်လည်းလုပ်ငန်းစဥ်ကွဲလွဲမှု ••လုပ်ငန်းစဥ်တူသောလည်းလုပ်ထုံးလုပ်လုပ်နည်းကွဲပြားမှု ••လုပ်ထုံးလုပ်နည်းတူသော်လည်းလုပ်ပုံကိုင်ပုံကွဲပြားမှုရှိနိုင်တာကိုအမြင်ကျယ်ကျယ်နဲ့မြင်တတ်၊လက်ခံတတ်ရပါမည် ••• ယုံကြည်ချက်များနှင့်ပေါင်းစုတည်ဆောက်ထားသောဦးတည်ရာကို ••သစ္စာရှိစွာဖြင့် ကိုယ်စီလျှောက်လှမ်းနိုင်ကြပါစေ ••• AungMyat .