“”ကထိန်ပွဲ””

🌿🔸အမျိုးသားရေးညီအစ်ကိုမောင်နှမများနှင့် မတည်အလှူရှင်များ စုပေါင်းကျင်းပမည့် ဒသမအကြိမ် စုပေါင်းမဟာဘုံကထိန်🔸🌿

🙏🔹ပင့်လျှောက်/ဖိတ်ကြားလွှာ🔹🙏
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

အမျိုးသားရေးညီအစ်ကိုမောင်နှမများနှင့် မတည်အလှူရှင်များစုပေါင်း၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ သံဃာတော်အရှင်သူမြတ်များအား ဒသမအကြိမ်မြောက် မဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသဖြင့် အောက်ပါအစီစဥ်အတိုင်း ကြွရောက်ချီးမြှင့်ပေးပါရန် ရိုသေလေးစားစွာ ပင့်လျှောက်/ဖိတ်ကြားအပ်ပါသည်။

🌼 အမျိုးသားရေးညီအစ်ကိုမောင်နှမများ (ရန်ကုန်) 🌼

💠အလှူတော်မင်္ဂလာအစီစဥ်💠

🗓 နေ့ရက် 🗓

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊
၁၉-၁၀-၂၀၂၅၊ တနင်္ဂနွေနေ့။

🏠 နေရာ 🏠

ဦးသာသနကျောင်း၊ ဘင်္ဂလားတိုက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
(ရေခဲဆိုင်မှတ်တိုင်အနီး၊ ရွှေကောင်းဟော့ပေါ့ရှေ့၊ ရွှေကျင်တိုက်မုခ်ဦးမှ ဝင်ရန်)

🙏 ကထိန်သင်္ကန်းကပ်/တရားနာ 🙏

နံနက် ၁၀ နာရီ

☎ ဆက်သွယ်လှူဒါန်းရန် ☎
▬▬▬▬▬▬▬▬▬

၁။ ဦးဆန်းလွင်
၀၉ ၆၇၇ ၇၇၈ ၈၈၁ပ
(KBZ Pay)

၂။ ဦးဝင်းကိုကိုလတ်
၀၉ ၇၇၂ ၁၇၇ ၉၆၉
(Viber၊ KBZ Pay၊ Wave Pay)

၃။ မယဥ်သီတာ
၀၉ ၄၀၅ ၉၃၃ ၃၂၆
(KBZ Pay)

🌹သံဃာတော်အရှင်သူမြတ်တစ်ပါးလျှင် ကျပ်ခုနစ်သောင်းနှုန်းဖြင့် အပါး (၁၀၀) စာ ကျပ်သိန်းခုနစ်ဆယ်၊ ထေရ်ကြီးများနှင့် ပင့်သံဃာဆရာတော်ကြီးများအတွက် ကျပ်သိန်းသုံးဆယ်၊ စုစုပေါင်း ကျပ်သိန်း ၁၀၀ လှူဒါန်းရန် စီစဥ်ထားရှိသည့်အတွက် တစ်ပါးစာသော်လည်းကောင်း၊ မိမိတို့တတ်နိုင်သည့် ပမာဏအလိုက်သော်လည်းကောင်း၊ နည်းသည်များသည် ပဓာနမထားဘဲ မိမိတို့ တတ်အားသရွေ့ လှူဒါန်းနိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။🌹

🌻🌻 မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) မှ သံဃာတော်အရှင်သူမြတ်များ ကထိန်ခင်းနိုင်ရန်အတွက် ကထိန်သင်္ကန်းလှူဒါန်းခွင့်ပြုပါရန် ၁၁-၁၀-၂၀၂၅၊ စနေနေ့ ကထိန်အလှူတော်ဖြစ်မြောက်ရေးအစည်းအဝေးတွင်
မတည်အလှူရှင်များနှင့် အများကိုယ်စားလျှောက်ထားခဲ့ပြီးဖြစ်ကြောင်းနှင့် ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး ပါဝင်လှူဒါန်းကုသိုလ်ပြုပေးကြပါရန် နှိုးဆော်အပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *