.

     "" ဟုတ်ရင် နာ၊မဟုတ်ရင် မနာပါနဲ့ ""

ပညာရပ်ဆိုင်ရာ
ထူးချွန်သူ ••
စီးပွားရေးဆိုင်ရာ
ထက်မြက်သူ •••စတဲ့
လူတော်လို့ပြောနိုင်သူတွေကို
မိမိက လေးစားပါတယ် •••

ပါတီကိုအကြောင်းပြုပြီး
နိုင်ငံရေးနယ်ပယ်ထဲကို
အဲ့ဒီသူတွေ
ဝင်ရောက်ကျင်လည်မှာကိုတော့
မိမိ မနှစ်သက်ပါဘူး၊
ဆုံရှုံးမှုလို့ပဲမြင်ပါတယ် •••

ပါတီတော်တော်များများမှာ
မမြင်ရတဲ့ခေါင်းကိုင်
ဖခင်ကြီးတွေ၊မိခင်ကြီးတွေ
မူဝါဒချမှတ်တဲ့
ကိုယ်ပျောက်တစ္ဆေတွေ
ရှိတတ်ပါတယ်
သူတို့ကိုကျော်ပြီး
ဘယ်သူမှ ဘာမှဘာလို့မရပါ •••

သိထား၊တတ်ထား
ရှိထား၊ပိုင်ထားတဲ့
အရာတွေကိုဆွဲကိုင်ပြီးး
အစိုးရတစ်ရပ်ရပ်
အဖွဲ့အစည်းတစ်ခုခုရဲ့
လုပ်ရပ်ကိုဝေဖန်ရတာနဲ့
ကိုယ်တိုင်စီမံလုပ်ကိုင်ရတာက
သမုဒ္ဒရာတစ်ခုရဲ့
အခြားတစ်ဖက်နဲ့အခြားတစ်ဖက်လို
ဝေးကွာပါတယ် •••

နိုင်ငံရေးသမားအမည်ခံ
လူလည်လူညစ်တွေရဲ့
ဦးဏှောက်ဖေါက်စားခြင်းဘေးမှ
ဂုဏ်သရေရှိပညာရှင်များ
ကိုယ်စီရှောင်ဖယ်ရုန်းထွက်နိုင်ကြပါစေ •••

AungMyat 😊

.

By admin

CheifEditor LuhtuhittineNewsAgenvy.

Leave a Reply

Your email address will not be published. Required fields are marked *