.

နစက ကိုဖျက်သိမ်းပြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊
ပြည်ထောင်စုအစိုးရအဖွဲ့ အစရှိတာတွေကို
ပြောင်းလဲဖွဲ့စည်းကြောင်းကြေညာချက်တွေကို
အများသိပြီးဖြစ်မှာပါ •••

ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်လာတဲ့
ခြေလှမ်းသစ်မှန်းကိုလည်းလူအများစုက
နားလည်သဘောပေါက်ကြမှာပါ •••

Game တစ်ခုအနေနဲ့ပြောရင်
ending point ကို
နီးကပ်လာပြီလို့
ဆရာ့ဆရာကြီးတွေက
သုံးသပ်ဝေဖန်ကြမှာပါ •••

အချို့မိတ်ဆွေတွေဖတ်ဘူးထားတဲ့
လေးကောင်စားပြီးကင်းဝင်မယ့်
ဘဘ အကွက်ဆိုတဲ့ ၈.၃.၂၀၂၁နေ့က
ရေးထားတဲ့မိမိရဲ့ status လိုပဲ
အနာဂတ်ကာလအတွက်
မိမိထပ်ပြောပါမယ် ••
အခုလုပ်ဆောင်ရွက်နေတာတွေက
ending point မဟုတ်ပါ
ထပ်ပြောပါမယ်
ဇာတ်သိမ်းခန်းနီးကပ်လာတာ
လုံးဝ လုံးဝမဟုတ်ပါ
beginning point အနားကို
ကပ်လာခြင်းသာလျှင်ဖြစ်ပါတယ် •••

ရွေးကောက်ပွဲအကြိုကာလနဲ့
ရွေးကောက်ပွဲအလွန်ကာလမှာ
ဆရာ့ဆရာကြီးများ
မထင်မှတ်ထားတဲ့အရာတွေ
အများကြီးလာပါဦးမယ် •••
တစ်ကောင်ထဲပြေးပြီး
ပထမရမယ့်မြင်းပေါ်မှာ
ငါတို့ထိုင်နေတာပဲ ••
မောင်စံလိုမြင်းအမြီးဆွဲပြီး
အချိုးကျနဲ့ငါတို့ပါမယ်ပဲလို့
ထင်မှတ်နေသူတွေအနေနဲ့
အာစင်နယ်ဘောလုံးပွဲကြည့်သလို
ဟာ ဟင် တောက် ကျွတ်တွေ
အများကြီးဖြစ်ရပါဦးမယ် •••

လူတစ်ဦးတစ်ယောက်ရဲ့သမိုင်းကို
အဲ့ဒီသူရဲ့ အတွေးအခေါ်နဲ့ဉာဏ်ရည်က
ပြဋ္ဌာန်းပါတယ်၊
အလွတ်ကျက်မှတ်အသိ
စာအုပ်စာတမ်းအားကိုးတဲ့အငှါးအသိ
ဆိုတာ ပွဲတက်ရုံ၊ပွဲဖြစ်ရုံသက်သက်ထက်ပိုပြီး
ဘာမှအထင်ကြီးစရာမရှိပါဘူး •••

မိမိကိုယ်ကို
ကောင်းစွာတည်ဆောက်နိုင်ကြပါစေ •••

သစ္စာဖြင့် ~

AungMyat

.

By admin

CheifEditor LuhtuhittineNewsAgenvy.

Leave a Reply

Your email address will not be published. Required fields are marked *