ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံတော်၏ (၁၁) ဦးမြောက် နိုင်ငံတော် သမ္မတဖြစ်လာ

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားယူသွားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတော်၏ (၁၁) ဦးမြောက် နိုင်ငံတော်သမ္မတဖြစ်လာပြီ ဖြစ်သည်။

၎င်းအား ပြည့်သူ့လွှတ်တော်က ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဧပြီလ (၃) ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပသည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လျို့ဝှက်မဲပေးခြင်းဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းကဲ့သို့ လျှို့ဝှက်မဲပေးရာတွင် ဆန္ဒမဲပေးခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ် (၅၈၄) ဦးအနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဲပေးသူ (၄၂၉) မဲ၊ ဦးညိုစောကို (၁၂၆) မဲနှင့် နန်းနီနီအေးကို (၂၉) မဲပေးခဲ့ကြခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ဒုတိယသမ္မတ (၃) ဦးအနက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ တင်သွင်းထားသည့် ဦးညိုစောသည် နိုင်ငံတော်၏ ဒုတိယ သမ္မတ (၁) ဖြစ်လာပြီး အမျိုးသားလွှတ်တော်မှ တင်သွင်းသည့် နန်းနီနီအေးသည် ဒုတိယသမ္မတ (၂) ဖြစ်လာပြီ ဖြစ်သည်။

နန်းနီနီအေးသည် ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဖြစ်သည့်အပြင် ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သည်။ထို့ပြင် ၎င်းသည် မြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသော ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသမီး တစ်ဦးဖြစ်သည်။

By admin

CheifEditor LuhtuhittineNewsAgenvy.

Leave a Reply

Your email address will not be published. Required fields are marked *