


.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား အား မြန်မာသံရုံး ၊ တိုကျိုမြို့တွင် ကျင်းပ
(၂၅-၃-၂၀၂၆ ရက် ၊ တိုကျို)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏(၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၅-၃-၂၀၂၆ ရက်(ဗုဒ္ဓဟူးနေ့)(၁၁:၀၀) နာရီတွင် မြန်မာသံရုံး၊ တိုကျိုမြို့ ရှိ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အာရှ၊ အာဖရိက၊ အာရပ် ၅၅ နိုင်ငံ အသင်း ဒါရိုက်တာဘုတ် အဖွဲ့ ဥက္ကဋ္ဌ Mr. Hisafumi Koga နှင့် ဂျပန်ဘဏ္ဍာရေးဝန်ကြီးဟောင်း Mr. Koriki Jojima တို့က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။ ထို့အပြင် အခမ်းအနားသို့ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ဦးစီးချုပ်(ငြိမ်း)General (Rtd.) Shigeru Iwasaki ၊ ဂျပန်နိုင်ငံ ပြန်လည် ထူထောင်ရေးဝန်ကြီးဟောင်း Mr. Hiromichi Watanabe ၊ ဂျပန်နိုင်ငံရှိ သံရုံးများမှ သံအမတ်ကြီး များနှင့် သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဇနီးများ၊ နာဂိုယာမြို့ရှိ မြန်မာ နိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်၊ မြန်မာ-ဂျပန် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Yusuke Watanabe၊ Asia-Pacific Ladies Friendship Association (ALFS) မှ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ ဂျပန် စီးပွားရေးကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ဖိတ်ကြား ထားသူများ စုစုပေါင်းဧည့်သည်တော် (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ထွန်းမှ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုမိန့်ခွန်းကို ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာစစ်သံ (ကြည်း/ရေ/လေ) ဗိုလ်မှူးချုပ်မျိုးမင်းမှ (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် မိန့်ခွန်းကို ဆက်လက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍အထူးဧည့်သည်တော် Mr. Hisafumi Koga က တပ်မတော်နေ့အထိမ်းအမှတ် နှစ်ပတ်လည် အခါသမယအတွက် ဂုဏ်ပြုဝမ်းမြောက် ပါကြောင်းမိန့်ခွန်းကို ပြောကြားခဲ့ပြီး ဂျပန်ဘဏ္ဍာရေးဝန်ကြီးဟောင်း Mr. Koriki Jojima က (၈၁) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်ဂုဏ်ပြုမိန့်ခွန်းနှင့် ဆုတောင်း (Toast)ပြုလုပ် ပေးခဲ့ပြီး အမှတ်ဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ တက်ရောက်လာကြသည့် ဧည့်သည်တော်များ အား မြန်မာအစားအစာများဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။ အခမ်းအနားအား (၁၃:၀၀)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
Myanmar Embassy in Tokyo hosts a Commemorative Reception celebrating the 81st Anniversary of Armed Forces Day of the Republic of the Union of Myanmar
(25-3-2026 ၊ Tokyo)
Myanmar Embassy in Tokyo hosted a Commemorative Reception celebrating the 81st Anniversary of Armed Forces Day of the Republic of the Union of Myanmar at 11:00 am on 25th March 2026 at Ayeyarwaddy Hall, Myanmar Embassy in Tokyo.
Mr. Hisafumi Koga, Board Chairman of General Incorporated Association of Asia Africa Arab 55, Mr. Koriki Jojima, former Minister of finance of Japan attended the reception as the Chief of Guests. The Commemorative Reception was attended by approximately 150 guests, including General (Rtd.) Shigeru Iwasaki, former Chief of Staff, Joint Staff of the Japan Self Defence Forces, Mr. Hiromichi Watanabe, former Minister for Reconstruction, Ambassadors/Charge d’Affaires a.i. of the Embassies residing in Tokyo, officers from Military, Naval and Air attache’ offices in Tokyo, Chief Executives and officers of the business companies, Myanmar Honorary Consul based in Nagoya, Mr. Yusuke Watanabe, Chairman of Japan-Myanmar Friendship Association, President, board of directors and members from Asia-Pacific Ladies Friendship Society (ALFS) , Myanmar communities in Japan and invited guests.
Then, H.E. U Kyaw Tun, Chargé d’ Affaires/ Ambassador of the Republic of the Union of Myanmar to Japan, delivered the commemorative remarks for the 81st Anniversary of Armed Forces Day of Myanmar. Brigadier General Myo Min, the Defence Attache’ of the Republic of the Union of Myanmar also delivered the speech. Mr. Hisafumi Koga, Board Chairman of General Incorporated Association of Asia Africa Arab 55, Mr. Koriki Jojima, former Minister of finance of Japan delivered the congratulatory remarks respectively, followed by toast and commemorative photo session. Afterwards, the guests enjoyed the buffet lunch with Myanmar traditional Food served by the Embassy. The Commemorative Reception was successfully concluded at (13:00) pm.
MOFA
AungMyat
.
