.

“ဘေးတွဲ”ဆိုတာ
ရန်ကုန်မြို့ရဲ့
ကျက်သရေဆောင်
မရှိမဖြစ်အဆင်တန်ဆာပါ ••

“ဘေးတွဲ”ဆိုတာ
ယာဥ်မှတ်ပုံတင်မရှိ
wheel tax မရှိ
QR မရှိ
ဘာဆိုဘာမှမရှိလည်း
စက်သုံးဆီရှိနေတဲ့
ရန်ကုန်မြို့ရဲ့
အခွင့်ထူးခံပါ •••

“ဘေးတွဲ”ဆိုတာ
ရန်ကုန်မြို့က
မြို့နယ်အဆင့်နဲ့
ရပ်/ကျေးအဆင့်ရဲ့
ဂုဏ်ထူးဆောင်
အမာခံသူရဲကောင်းပါ •••

ဟုတ်ပြီလား
ကျေနပ်ပြီလားး
အဲ့လိုရေးပေးလို့ •••

တရားဝင်နဲ့တရားမဝင်
ထိပ်တိုက်တွေ့ရင်
တရားဝင်သမားက
ထောင်ထဲသွားရတဲ့
အစဥ်လာဆိုးကို
ဖန်တီးပြီးးး
ရန်ကုန်သမိုင်းကို
အိုးမည်းသုတ်နေတာက
ဘယ်သူတွေလဲ ••

ဒေသန္တရအမိန့်ကို
ပြည်သူတွေ
ထုတ်လို့မရတာကတော့
သေချာတယ် •••

တောင်ဒဂုံ
၁၄၀ရပ်ကွက်အနီး
အမှတ်(၂)လမ်းမကြီးပေါ်က
ယခုဖြစ်စဥ်အတွက်
အဓိကတရားခံက
ကားအဖြူပေါ်က
ယာဥ်မောင်းပါလို့
ပြီးစလွယ်ဆုံးဖြတ်နေသ၍
တရားခံအစစ်တွေက
တိုက်ပုံဝတ်ပြီး
ရုံးတက်နေကြဦးမှာပဲ ••••

AungMyat

photo credit.

By admin

CheifEditor LuhtuhittineNewsAgenvy.

Leave a Reply

Your email address will not be published. Required fields are marked *