
.
ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ မှီခိုသူမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာ(အခြေခံ)သင်တန်းများဖွင့်လှစ်
နေပြည်တော် မတ် ၁၂
ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ မှီခိုသူမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများနွေရာသီကျောင်းပိတ်ရက်ကာလများတွင်
အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးအတွက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနှင့် အင်္ဂလိပ်စာ(အခြေခံ)သင်တန်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်တိုင်းစစ်ဌာနချုပ်အနော်ရထာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသားကျောင်းသား၊ကျောင်းသူများ
တက်ရောက်ကြသည်။
ဒို့တပ်မတော်
AungMyat
.
