.

လိုင်စင်မရှိဘဲ ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသလျှင် အများဆုံး ထောင်ဒဏ်၅နှစ် ချမှတ်ခံရမည်ဟု ဖြည့်စွက်ပြဋ္ဌာန်း

လိုင်စင်မရှိဘဲ ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရရင် အနည်းဆုံး ထောင်ဒဏ် ၁ နှစ် ကနေ အများဆုံး ထောင်ဒဏ် ၅ နှစ် ချမှတ်ရမဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ပုဒ်မ၃၁မှာ ဖြည့်စွက်ပြဋ္ဌာန်းလိုက်ပါတယ်။

ဒီဥပဒေကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ က ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

မူလဥပ‌ဒေရဲ့ ပုဒ်မ၃၁မှာ လိုင်စင်မရှိဘဲ ပုဂ္ဂလိက ဆေးရုံလုပ်ငန်းလုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရတဲ့သူကို အနည်းဆုံးထောင်ဒဏ်၁နှစ်ကနေ အများဆုံး ထောင်ဒဏ်၅နှစ် ချမှတ်ရမဲ့အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာဖြစ်ပြီး အခုပြင်ဆင်လိုက်တဲ့ ဥပဒေမှာ ဘယ်သူမဆို ပုဂ္ဂလိကဆေးရုံလုပ်ငန်း ဒါမှမဟုတ် ပုဂ္ဂလိကကုသမှု အထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်း ဒါမှမဟုတ် ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသရေး လုပ်ငန်းကို လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက အဲဒီသူကို အနည်းဆုံး ထောင်ဒဏ် ၁ နှစ် ကနေ အများဆုံး ထောင်ဒဏ် ၅ နှစ် ချမှတ်ရမဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြင်ဆင်ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

အခုပြင်ဆင်တဲ့ ဥပဒေမှာ ပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဏ) ရဲ့ နောက်မှာ ပုဒ်မခွဲ (တ) ပုဂ္ဂလိက ကုသမှု အထောက်အကူပြု သင် တန်း ကျောင်းလုပ်ငန်း နဲ့ ပုဒ်မခွဲ (ထ) ပုဂ္ဂလိက ပြင်ပလူနာ ခွဲစိတ်ကုသရေးလုပ်ငန်း ဆိုတဲ့ စကားရပ်တွေကို ဖြည့်စွက် ပြဋ္ဌာန်း ထားပါတယ်။
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေမှာ ပါရှိတဲ့ “အစိုးရအဖွဲ့” ဆိုတဲ့ စကားရပ်ကို “ပြည်ထောင်စု အစိုးရအဖွဲ့” ဆိုတဲ့ စကားရပ်၊ “ကျန်းမာရေး ဦးစီးဌာန” ဆိုတဲ့ စကားရပ်ကို “ကုသရေး ဦးစီးဌာန”ဆိုတဲ့ စကားရပ်၊ “ကြိုတင်ခွင့်ပြုချက်” ဆိုတဲ့ စကားရပ်ကို “ကြိုတင်ထောက်ခံချက်” ဆိုတဲ့ စကားရပ်၊ “ပြည်နယ်၊တိုင်း” ဆိုတဲ့ စကား ရပ်ကို “နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်”ဆိုတဲ့ စကားရပ်နဲ့ အသီးသီး အစားထိုးရမယ်လို့ ပြင်ဆင်တဲ့ ဥပဒေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၃၃ ကိုလည်း “ဘယ်သူမဆို ပုဂ္ဂလိကဆေးရုံလုပ်ငန်း ၊ ပုဂ္ဂလိက ကုသမှု အထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်း၊ ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသရေး လုပ်ငန်း၊ ပုဂ္ဂလိက သားဖွားခန်းလုပ်ငန်း နှင့် ပုဂ္ဂလိက ဆေးခန်းလုပ်ငန်းတို့မှ အပ အခြား ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ် ရပ်ကို လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါက အဲဒီသူကို အနည်းဆုံး ထောင်ဒဏ် ၃ လကနေ အများဆုံး ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ရမဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်” လို့ ပြင်ဆင်ပြဋ္ဌာန်းလိုက်ပါတယ်။

ကိုချစ်Mdy

AungMyat

.

By admin

CheifEditor LuhtuhittineNewsAgenvy.

Leave a Reply

Your email address will not be published. Required fields are marked *