.
မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက “Walk for Peace” သံဃာတော်များအား သွားရောက်ဖူးမြော်၍ လှူဖွယ်များ ဆက်ကပ်လှူဒါန်း
(၁၂-၂-၂၀၂၆ ရက်၊ ဝါရှင်တန်)
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် မြို့တော်ဝါရှင်တန် ဒီစီသို့ ရောက်ရှိလျက်ရှိသည့် ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး (Walk for Peace) သံဃာတော်များ အား ၁၁-၂-၂၀၂၆ ရက်တွင် St. Mark’s Capitol Hill ခရစ်ယာန်ဘုရားကျောင်း၌ နေ့ဆွမ်းဘုဉ်းပေးရန် ခေတ္တရပ်နားစဉ် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး၊ သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများကို မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် မြန်မာပြည်သူများ အေးချမ်းသာယာဝပြောရေးအတွက်ရည်ရွယ်၍ “Walk for Peace” ဦးဆောင်ဆရာတော် အရှင်ပညာကာရ (Venerable Bhikkhu Paññākāra) ထံသို့ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။
ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး (Walk for Peace) သည် ကမ္ဘာ့ငြိမ်းချမ်းရေး မြှင့်တင်ရေး အတွက် သံယာတော်များက ၂၆-၁၀-၂၀၂၅ ရက်တွင် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ စတင်၍ မိုင်ပေါင်း (၂၃၀၀)ခန့် လျှောက်လှမ်းခဲ့ခြင်းဖြစ်ပြီး၊ မြို့တော်ဝါရှင်တန်ဒီစီတွင် ခရီးစဉ်ပြီးဆုံးမည် ဖြစ်ကြောင်း သိရှိရပါသည်။
Myanmar Chargé d’Affaires/ Ambassador pays homage and offers donations to “Walk for Peace” monks
(12–2-2026, Washington)
Chargé d’Affaires/ Ambassador of the Republic of the Union of Myanmar to the United States paid homage to “Walk for Peace” monks who made a lunch stop St. Mark’s Capitol Hill Church in Washington, D.C., on 11 February 2026, and offered robes and cash to “Walk for Peace” lead monk Venerable Bhikkhu Paññākāra, aiming for peace and prosperity of Myanmar and its people.
Advocating for world peace, a group of Buddhist monks began the “Walk for Peace” journey from Texas, United States on 26 October 2025. The monks walked approximately 2,300 miles and will conclude their journey in Washington, D.C.
MOFA
AungMyat
.

